Events

Cycle & Carriage Myanmar ၏ Mazda 3S အရောင်းပြခန်း အသစ်ကို ၂၀၁၉ မတ်လ (၂၂) ရက်နေ့တွင် အမှတ်(၅၁)၊ ပြည်လမ်း (၇)မိုင်ခွဲ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၌ ပြောင်းရွေ့ ဖွင့်လှစ်ခဲ့ပါသည်။ (၁၁,၄၀၆) စတုရန်းပေကျယ်ဝန်းသော Mazda 3S အရောင်းပြခန်းအသစ်တွင် ကား(၆)စီး ပြသနိုင်သည့်အရောင်းပြခန်းနှင့် ပြုပြင်ထိန်းသိမ်းသည့် After Sales ဝန်ဆောင်မှုများပေးရန် နေရာ (Work Bay) (၅)ခုတို့ ပါဝင်ပါသည်။


Cycle & Carriage Myanmar ၏ Mazda 3S အရောင်းပြခန်း အသစ်ကို ၂၀၁၉ မတ်လ (၂၂) ရက်နေ့တွင် အမှတ်(၅၁)၊ ပြည်လမ်း (၇)မိုင်ခွဲ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၌ ပြောင်းရွေ့ ဖွင့်လှစ်ခဲ့ပါသည်။ (၁၁,၄၀၆) စတုရန်းပေကျယ်ဝန်းသော Mazda 3S အရောင်းပြခန်းအသစ်တွင် ကား(၆)စီး ပြသနိုင်သည့်အရောင်းပြခန်းနှင့် ပြုပြင်ထိန်းသိမ်းသည့် After Sales ဝန်ဆောင်မှုများပေးရန် နေရာ (Work Bay) (၅)ခုတို့ ပါဝင်ပါသည်။ ဖွင့်ပွဲအခမ်းအနားကို Mazda Motor Corporation ၏ Managing Executive Officer of Asia & Oceania and New Emerging Markets, Mazda Motor Corporation ဖြစ်သူ Mr. Hiroshi Inoue က ဖွင့်လှစ်ပေးခဲ့ပြီး ဖိတ်ကြားထားသော ဧည့်သည် တော်များနှင့် စာနယ်ဇင်းသတင်းမီဒီယာများ တက်ရောက်ခဲ့ကြပါသည်။
Cycle & Carriage ၏ဦးတည်ချက်ဖြစ်သော ဝယ်ယူစီးနင်းသူများအတွက် ပိုမိုထူးခြား ကောင်းမွန်သည့် ဝန်ဆောင်မှုနှင့် အတွေ့အကြုံအသစ်များကို ဖန်တီးပေးမည်ဆိုသည့်ဆိုရိုးနှင့်အညီ ဝန်ဆောင်မှုပေးရန် Mazda အရောင်းခန်းမအသစ်ကြီးအား ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။


Mazda 3S Yangon အရောင်းပြခန်းအသစ်ကြီးတွင် ကျွမ်းကျင်ဝန်ထမ်းများ အဆင့်မြင့်နည်းပညာနှင့် စက်ကိရိယာများကို အသုံးပြု၍ ဝယ်ယူစီး နင်းသူများ၏ လိုအပ်ချက်များကို တစ်နေရာထဲတွင် အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်သော “One Shop Stop” အဖြစ်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
“မိမိတို့၏ အဖွဲ့အစည်းအနေဖြင့် အကောင်းဆုံးဝန်ဆောင်မှုများနှင့် မော်တော်ယာဉ်များကို Customer များထံ ယူဆောင်လာပေးရုံမျှမက Automotive Industry အတွင်း Customer များအားအမြဲ အမှတ်တရဖြစ်စေပြီး ပိုမိုတိုးတက် ကောင်းမွန်သော အတွေ့အကြုံများ ပေးနိုင်ရန်ဦး ဆောင်နိုင်သည့် အဖွဲ့အစည်းဖြစ်ရန် ရည်ရွယ်ပါသည်” ဟု Jardine Cycle & Carriage ၏ Regional Managing Director ဖြစ်သူ Mr. Haslam Preeston က အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။


ဖွင့်ပွဲသို့ တက်ရောက်လာသူ ဧည့်သည်များအား Mazda 3S အရောင်းပြခန်းအသစ်ကို လှည့်လည်ပြသပြီး စားသောက်ဖွယ်ရာများနှင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။
ဤသို့ ဖွင့်လှစ်လိုက်ခြင်းအားဖြင့် New Generation Mazda မော်တော်ယာဉ်များ၏ ကမ္ဘာ့ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် နည်းှဗျူဟာ တရပ်အနေဖြင့် တစ်ဘက်တစ်လမ်းမှ ဖော်ဆောင်လိုက်ခြင်းဖြစ်ကြောင်း Mazda မှအခိုင်အမာဆိုထားသည်။
“မြန်မာနိုင်ငံသည် ဒေသတွင်း လူငယ်လူဦးရေများပြားခြင်းနှင့် ပထဝီအနေအထား တို့ကြောင့် အနာဂတ်ဈေးကွက်ဖွံ့ဖြိုးရေးအတွက် အလားအလာရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ Cycle & Carriage Myanmar အနေဖြင့် Mazda၏ဈေးကွက် နည်းဗျူဟာကို ကောင်းစွာ နားလည် ထားသည့်အပြင် မြန်မာနိုင်ငံ၏ ဈေးကွက်လိုအပ်ချက်ကိုလည်း သိရှိထားပြီးဖြစ်သောကြောင့် Mazda မော်တော်ယာဉ်များနှင့် ကားချစ်သူများကြား ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရန် ဦးဆောင်နိုင်မည်ဟု ယုံကြည်ပါသည်” ဟု Mazda Corporation ၏ Managing Executive Officer, Asia and Oceania ဖြစ်သူ Mr. Hiroshi Inoue က ပြောကြားခဲ့ပါသည်။
‘ကျွန်တော်တို့ Cycle & Carriage Myanmar အနေနှင့် Mazda Brand ကား အသစ်များအား မြန်မာနိုင်ငံသို့ဂုဏ်ယူစွာနှင့် တင်သွင်းရောင်းချခဲ့တဲ့ ၆ နှစ်တာ ကာလအတွင်းမှာ အောင်မြင် မူများ ရရှိခဲ့လို့လည်း ဝယ်ယူအားပေးခဲ့တဲ့ Customers များ၊ စီးပွားမိတ်ဖက်များအား ကျေးဇူးအများကြီးတင်ကြောင်းလေးနက်စွာ ပြောကြားလိုပါတယ်။ ပြောင်းလဲလာတဲ့ နည်းပညာများနဲ့ အတူဈေးကွက်အတွင်း လူအများနှစ်ခြိုက်လျက်ရှိတဲ့ Skyactiv Technology နှင့် KODO Design များအား တင်သွင်းရောင်းချလျက်ရှိနေပြီး နောက်ထပ်လည်း ဆန်းသစ်တဲ့ နည်းပညာများနှင့်အတူ ခေတ်နှင့်အညီ တင်သွင်းရောင်းချသွားဖို့လည်း ရှိပါတယ် ခင်ဗျာ” ဟု Cycle & Carriage Myanmar မှ Managing Director ဦးအောင်မိုးကျော်မှ ပြောကြား ခဲ့ပါသည်။

YANGON: No. 44, Pyay Road, 7 ½ Miles, Mayangone Township, Yangon

01 967 0286

MANDALAY: No. (40), 35th Street, Between 55th & 56th Street, Kan Kauk Ward, Chanayetharzan Township, Mandalay

09 9773 888 29, 09 456 1111 08