News


ကားကို Trade-In ပြုလုပ်ခြင်း‌ ကြောင့်ရနိုင်သော ကောင်းကျိုးများ

 

မိမိပိုင်ဆိုင်ထားသော ကားတစ်စီးသည် အတိုင်းအတာတစ်ခုထိ ဟောင်းနွမ်းသွားလျှင်သော်၎င်း၊ အခြားကား တစ်မျိုးမျိုးကို ပြောင်းပြီးစီးကြည့်ချင်တဲ့အခါမှာသော်၎င်း၊ မိမိလက်ရှိ ပိုင်ဆိုင်ထားသောကားကို ပြန်ရောင်းထုတ်ဖို့အရင် စဥ်းစားရလေ့ရှိတတ်ပါတယ်။

ဒီလိုရောင်းထုတ်ဖို့စဥ်းစားတဲ့အခါ အခြားနည်းတွေထက် မိမိအသစ်လဲစီးမယ့်ကားကို မိမိပိုင်ကားဟောင်းနဲ့ အလဲအထပ် (Trade-In) လုပ်ပြီး ကားသစ်ပြောင်းစီးခြင်းကိုလည်း နည်းလမ်းတစ်ခုအဖြစ်စဥ်းစားကြည့်နိုင်ပါတယ်။

Trade-In လုပ်ခြင်းကြောင့်ရနိုင်တဲ့ ကောင်းကျိုးအချို့ကတော့ ...

၁) မိမိကားသစ်ဝယ်ယူမယ့် ကား Showroom တစ်ခုတည်းနဲ့သာ စကား‌ပြောဖို့လိုအပ်ခြင်း

အကယ်၍ သင်က သင်ပိုင်ဆိုင်ထားတဲ့ ကားကို စျေးကွက်ထဲမှာ ကိုယ်တိုင်ပြန် ရောင်းချဖို့လုပ်ရမှာ မလုပ်ချင်ဘူး၊ ခေါင်းရှုပ်မခံချင်ဘူး၊ ကားသစ် ပြောင်းစီးချင်တာကသာ သင့်ရဲ့ အဓိကရည်ရွယ်ချက်ဆိုပါက Trade-In ပြုလုပ်ခြင်းက သင့်ကို ကားသစ်တစ်စီး အလွယ်တကူ‌ ပြောင်းစီးနိုင်‌စေမှာြဖစ်ပါတယ်။ သင့်အနေနဲ့လုပ်ရမှာသည် သင့်ကားကို showroom နှင့်စျေးညှိခြင်းနဲ့ သင်လိုချင်တဲ့ ကားသစ်တစ်စီးကိုရွေးချယ်လိုက်ရုံသာြဖစ်ပြီး ကျန်တဲ့ကိစ္စတွေကို showroom က အစအဆုံးနီးပါး တာဝန်ယူပေးသွားပါလိမ့်မယ်။

 

၂) အချိန်ကုန်လူပင်ပန်း သက်သာြခင်း

ကား‌‌ဟောင်းတစ်စီးကို စျေးကွက်ထဲမှာြပန်လည်ရောင်းချဖို့ကြိုးစားရတာသည် အချိန်ပေးရသလို၊ တကယ်လက်တွေ့ဝယ်မည့်သူမတွေ့မချင်း ဝယ်နိုင်ချေရှိသူ များစွာကို ကားပြပေးရ၊ ရှင်းပြပေးရ စျေးညှိရတာ တွေသည်လည်း အချိန်ကုန် လူပင်ပန်းစေပါတယ်။ Trade-In ပြုလုပ်လိုက်မယ်ဆိုရင်တော့ ဒီလိုအချိန်ကုန်လူပင်ပန်းရတာတွေ သက်သာစေပြီး အချိန်တိုအတွင်းမှာ ကားသစ်တစ်စီးကို ပြောင်းစီးနိုင်စေမှာြဖစ်ပါတယ်။

 

၃) ကားသစ်အတွက်‌ ငွေပမာဏ များစွာပေးရန်မလိုတော့ခြင်း

ဒီနေ့လိုအကြပ်အတည်းများစွာနဲ့ ဖြတ်သန်းနေရချိန်တွေမှာ ကားသစ်တစ်စီးကို 100% ငွေအပြည့်ပေး ချေပြီး ဝယ်ယူဖို့ဆိုတာသည် များစွာစဥ်းစားနေရမယ့် အချိန်မျိုးဖြစ်နိုင်သလို၊ အရစ်ကျစနစ်နဲ့ ဝယ်ယူပါကလည်း အတိုးပေါင်းထားသော လစဥ်သွင်းငွေအတွက် စဥ်းစားဖို့လိုဦးမှာပါ။ ဒီလိုစဥ်းစားစရာတွေများနေရချိန်မှာ ကားသစ်တစ်စီးကိုလည်း စီးချင်နေတယ်ဆိုရင်တော့ မိမိပိုင်ကားဟောင်းကို ကားအသစ်နဲ့ Trade-In လုပ်ပြီးစီးခြင်းက အသင့်တော်ဆုံးအဖြေကောင်းတစ်ခုဖြစ်နိုင်ပါတယ်။ Trade-In လုပ်တဲ့အခါ မိမိကားဟောင်း တန်ဖိုးက ခုနှိမ်ထားတာ‌‌ကြောင့် ကားသစ်ရဲ့တစ်ဖိုးအတွက် ငွေပမာဏများစွာပေးရန်မလိုတော့သလို၊ မိမိတတ်နိုင်လောက်တဲ့ ငွေပမာဏအတွင်းမှာ ကားသစ်တန်ဖိုးငွေကို ပေးချေနိုင်တာ‌ကြောင့် အရစ်ကျဝယ်ယူပြီး အတိုးပေးနေရတာမျိူးကိုလည်းရှောင်နိုင်သွားမှာြဖစ်ပါတယ်။

 

ဒီအချက်တွေကတော့ Trade-In ပြုလုပ်ခြင်းကနေ ရရှိနိုင်တဲ့ ကောင်းကျိုးတွေပဲဖြစ်ပါတယ်။

အကယ်၍ မိတ်ဆွေသည် Trade-In လုပ်ပြီး ကားသစ်တစ်စီးကို ပြောင်းစီးချင်နေတယ်ဆိုရင်တော့ Mazda CX-5 ကားသစ်တွေကို မိတ်ဆွေရဲ့ကားနဲ့ Trade-In လုပ်ပြီး အသစ်ပြောင်းစီး နိုင်ပြီဆိုတာလေး သတင်းကောင်း ပါးလိုက်ပါရစေ။

Sales Hotlines:

YGN: 09 897 837 897 & 09 799 247 986

MDY: 09 409 424 954 & 09 456 111 105

#mazdamyanmar #mazdatradein

www.mazda.com.mm