MAZDA CX-5 FEATURES

G-Vectoring Control အသုံးပြုထားတဲ့ CX-5 ဟာဆိုရင် မောင်းနှင်တဲ့အခါ ချောမွေ့ငြိမ့်ညောင်းဖို့နဲ့ ပင်ပန်းနွမ်းနယ်မှုမရှိဖို့ထုတ်
လုပ်ထားတာဖြစ်ပါတယ်။ မောင်းနှင်ခြင်းအတွေ့အကြုံနဲ့ပက်သက်လာရင် အသေးမွားလေးတွေတိုင်းကလည်း အရေးပါလှပါတယ်။

DESIGN

DETAILS THAT DISTINGUISH

Mazda ရဲ့ရောင်းအားအကောင်းဆုံး SUV တစ်စီးကို ထောင့်ပေါင်းစုံကနေ ခြောက်ပစ်ကင်းအောင် အထူးတီထွင်ထုတ်လုပ်ထားပါတယ်။ တိတ်ဆိတ်ငြိမ့်ညောင်းပြီး သေသပ်လှပတဲ့အတွင်းခန်းကို တီထွင်ရာမှာလည်း အမြင့်ဆုံးမောင်းနှင်နိုင်စွမ်းကို မထိခိုက်စေခဲ့ပါဘူ။ ရလဒ်အနေနဲ့ Mazda CX-5 စာဆိုရင် အသစ်လွင်ဆုံးတီထွင်မှု၊ နေရာကျယ်ဝန်းမှု စွမ်းဆောင်ရည်မြင့်မားမှုနဲ့ ဆီစားသက်သာမှုတို့ကို ပေါင်းစပ်ပေးစွမ်းနိုင်တဲ့ကားတစ်စီးဖြစ်လာပါတယ်။

လေ့လာရန်

TECHNOLOGY

PREDICTIVE i-ACTIV® AWD

ရာသီဥတုဆိုတာ ရုတ်ချည်းပြောင်းလဲတတ်တာကြောင့် Mazda ရဲ့ i-Activ AWD စနစ်က ရာသီဥတုတိုင်းမှာ အဆင်သင့်ဖြစ်နေအောင် အမြဲအသင့်အနေအထားရှိပါတယ်။i-Activ AWD နည်းပညာသည် ပြင်ပအပူချိန်နှင့် ဘရိတ်အုပ်မှုဆိုင်ရာ အချက်အလက်တွေအပါအဝင် အရေးကြီးသတင်းအချက်အလက်တွေကို စဉ်ဆက်မပြတ်စောင့်ကြည့်နေတာကြောင့် All Wheel Drive အသုံးပြုဖို့လိုအပ်လာချိန်မှာ အလျှင်အမြန် အလိုအလျှောက်အသုံးပြုပေးပြီး torque distribution ပိုမိုကောင်းမွန်စေကာ ထိန်းချုပ်မောင်းနှင်မှုကို အကောင်းဆုံးအနေအထားစေပါတယ်။

လေ့လာရန်

PERFORMANCE

SKYACTIV®-G ENGINE, CYLINDER DEACTIVATION

ကျွန်တော်တို့ရဲ့ စဉ်ဆက်မပြတ် ကြိုးစားတီထွင်နေမှုရဲ့ပြရုပ်အဖြစ် နောက်ဆုံးပေါ် Skyactiv-G အင်ဂျင်ဟာဆိုရင် Cylinder Deactivation စနစ်ပါဝင်လာပါတယ်။ ဒီနည်းပညာရဲ့ အားသာချက်ကတော့ အလေးချိန်ပေါ့ပါးပြီး သာမာန်မြေပြန့်လိုနေရာတွေမှာ မောင်းနှင်တဲ့အခါ အရှိန်ကို ထိန်းညှိဖို့နဲ့ တောင်ဆင်းလမ်းတွေမှာ အရှိန်လျှော့တဲ့အချိန်တွေမှာ အင်ဂျင် ဆလင်ဒါ 4 လုံးထဲက 2 လုံးရဲ့အလုပ်လုပ်မှုကို ရပ်တန့်ပေးပါတယ်။ ရလဒ်အနေနဲ့ကားမောင်းတဲ့အခါ ဆီစား အင်မတန်သက်သာစေပါတယ်။

လေ့လာရန်

SAFETY

CONFIDENCE NOW COMES STANDARD

ဘယ်လို Trim Level မှာဘဲဖြစ်ပါစေ။ Safety ကတော့ Mazda CX-5 အားလုံးအတွက် အရေးကြီးဆုံးအရာဖြစ်ပါတယ်။ ဘေးအန္တရာယ်မကျရောက်အောင် အာရုံခြောက်ပါးလုံးကို ကြိုတင်သတိပေး အချက်ပြနိုင်ဖို့ ခေတ်မီဆန်းပြားတဲ့ ရေဒါနဲ့အခြားနည်းပညာတွေစုပေါင်းအသုံးပြုထားတဲ့ Advance Blind Sport Monitoring နဲ့ Rear Cross Traffic Alert စနစ်တွေ Mazda CX-5 မှာ standard အနေနဲ့ပါဝင်တာကြောင့် ကားမောင်းတဲ့အခါ ယုံကြည်မှုပိုစေမှာဖြစ်ပါတယ်။

လေ့လာရန်