MAZDA CX-9 FEATURES

ကားမောင်းနှင်မှုနဲ့ပက်သက်လာရင် အရေးမကြီးတဲ့ အသေးစိတ်အပိုင်းဆိုတာမျိုးမရှိပါဘူး။ ဒါကြောင့် Mazda CX-9 ကို တည်
ဆောက်ရာမှာ အသေးစိတ်အားလုံးကို ဂရုတစိုက် ဖန်တီးတည်ဆောက်ထုတ်လုပ်ထားပါတယ်။

DESIGN

GENUINE ROSEWOOD

နှစ်သက်မြတ်နိုးဖွယ် အရာဝတ္ထုတစ်ခုအဖြစ် ဖန်တီးရာမှာ Center Console ကို Rosewood စစ်စစ်ဖြင့် အသုံးပြုပုံဖော်ပေးထားတာကြောင့် မြင်လိုက်တာနဲ့ ထိကိုင်ကြည့်ချင်စဖွယ် အသွင်မျိုးကိုတွေ့ရမှာပါ။ တကယ်တော့ Rosewood ဆိုတာ တစ်ကမ္ဘာလုံးက အမြတ်တနိုးတန်ဖိုးထားကြတဲ့ သစ်သားတစ်မျိုးလည်းဖြစ်ပါတယ်။

လေ့လာရန်

TECHNOLOGY

BY REDUCING NOISE, WE ENHANCED THE SOUND

Mazda CX-9 ကနေ မောင်းနှင်မှုအတွေ့အကြုံကောင်းကို ထပ်မံပေးစွမ်းဖို့ကြိုးစားထားတာကတော့ အင်ဂျင်၊ ပြင်ပလေနဲ့ လမ်းမပေါ်ကဆူညံသံတွေကို လျှော့ချပေးခြင်းပါ။ Mazda CX-9 မှာဆိုရင် အသံလုံ Material များကို ၅၃ ပေါင်အထိထည့်သွင်းအသုံးပြုပေးထားပါတယ်။ ဒါတွေရဲ့အထောက်အပံ့ကြောင့် Mazda CX-9 သည် မောင်းနှင်ရာမှာ အင်မတန် ငြိမ့်ညောင်းတိတ်ဆိတ်မှုရှိပြီး ကြောင့်ကြမှုကင်းကင်းနဲ့ ပျော်ရွှင်ချမ်းမြေ့စွာမောင်းနှင်နိုင်မှာဖြစ်ပါတယ်။

လေ့လာရန်

PERFORMANCE

TIMELY TORQUE

Mazda CX-9 ဟာဆိုရင် လူတွေရဲ့ ကားမောင်းတဲ့အလေ့အထကိုနားလည်စွာနဲ့ RPM နဲနဲနဲ့အချိန်များစွာမောင်းနှင်ရချိန်မှာ torque ကိုများများပေးနိုင်အောင် ဂရုတစိုက်တီထွင်ထုတ်လုပ်ထားပါတယ်။ အခြားပြိုင်ဘက်ကားများနဲ့ များစွာသာလွန်လျှက် RPM 2000 မှာ 310ft-lb/420.3Nm ထိ Mazda CX-9 က ထုတ်လုပ်ပေးနိုင်ပါတယ်။

လေ့လာရန်

SAFETY

MORE CONFIDENCE FOR MORE DRIVING ENJOYMENT

ရာသီဥတုဆိုတာ ရုတ်ချည်းပြောင်းလဲတတ်တာကြောင့် Mazda ရဲ့ i-Activ AWD စနစ်က ရာသီဥတုတိုင်းမှာ အဆင်သင့်ဖြစ်နေအောင် အမြဲအသင့်အနေအထားရှိပါတယ်။i-Activ AWD နည်းပညာသည် ပြင်ပအပူချိန်နှင့် ဘရိတ်အုပ်မှုဆိုင်ရာ အချက်အလက်တွေအပါအဝင် အရေးကြီးသတင်းအချက် အလက်တွေကို စဉ်ဆက်မပြတ်စောင့်ကြည့်နေတာကြောင့် All Wheel Drive အသုံးပြုဖို့လိုအပ်လာချိန်မှာ အလျှင်အမြန် အလိုအလျှောက်အသုံးပြုပေးပြီး torque distribution ပိုမိုကောင်းမွန်စေကာ ထိန်းချုပ်မောင်းနှင်မှုကို အကောင်းဆုံးအနေအထားစေပါတယ်။ ရာသီဥတုက ကောင်းမွန်နေတယ်ဆိုရင်တောင် i-Activ AWD ကြောင့် Mazda CX-9 ကို လမ်းတွေပေါ်မောင်းနှင်ရာမှာ ပိုမိုထိန်းချုပ်မောင်းနှင်လို့ကောင်းနေဦးမှာပဲဖြစ်ပါတယ်။

လေ့လာရန်