Cycle & Carriage. Exceptional Journeys

Cycle & Carriage မှာဆိုရင်တော့ ကျွန်တော်တို့သည် လူသားတွေကို ဗဟိုပြုအာရုံစိုက်ထားတဲ့ အတွေ့အကြုံကောင်းတွေနဲ့ထူးခြားတဲ့ ခရီးရှည်တစ်ခုကို ဖန်တီးတည်ဆောက်ဖို့စိတ်အားပြင်းပြထက်သန်ကြပါတယ်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ၁၈၉၉ ခုနှစ်မှာတည်ထောင်ခဲ့ပြီး ခုချိန်မှာတော့ အရှေ့တောင်အာရှရဲ့ Automotive လောကမှာ ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်လာနေပါပြီ။ Cycle & Carriage ဟာဆိုရင် စင်ကာပူ၊ မလေးရှား နဲ့မြန်မာ နိုင်ငံတို့မှာ အိမ်စီးကားနှင့် လုပ်ငန်းသုံးကားများကို ဖြန့်ဖျူးရောင်းချ ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်။ Cycle & Carriage သည် Jardine Cycle & Carriage Group ၏ လက်အောက်ခံ ကုမ္ပတစ်ခုလည်းဖြစ်ပါတယ်။

Cycle & Carriage Myanmar အနေနဲ့ကတော့ Mercedes-Benz နဲ့ Mazda အိမ်စီးကားများ အပြင် FUSO လုပ်ငန်းသုံးကားများ ကိုလည်း ဖြန့်ဖျူးရောင်းချ ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်။ ကျွန်တော်တို့သည် customer များကိုကားဝယ်ယူ အသုံးပြုခြင်းနှင့်ဆိုင်သော ဖြစ်စဉ်တစ်ခုလုံးမှာ အပြည့်အဝ အကောင်းဆုံးအကူအညီများပေးဖို့ သံဓိဌာန်ချထားပြီးဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးရှိ ရုံးခွဲပေါင်း ၆ ခုနှင့်တကွ စွမ်းရည်ပြည့်ဝပြီး ကျွမ်းကျင်ထက်မြက်သော ဝန်ဆောင်မှုအင်အားများက ကားဝယ်ယူသူများအတွက် ပိုမိုကောင်းမွန်တဲ့ မောင်းနှင်ခြင်းအတွေ့အကြုံကို စဉ်ဆက်မပြတ်ပေးစွမ်းနိုင်ဖို့ ကျွန်တော်တို့တို့အထောက်အပံ့ပေးပါတယ်။

Cycle & Carriage distributes, retails and provides aftersales services for passenger cars as well as commercial vehicles in Singapore, Malaysia and Myanmar.

ဆက်သွယ်ရန်