ကားတစ်စီးအဖြစ်သို့စတင်ပုံသွင်းခြင်း
နောက်ဆုံးအချောသတ် ဒီဇိုင်းပုံရရှိပြီးနောက်မှာ Koji Fuji လို ကျွမ်းကျင်ပညာရှင်တွေက Scale Model တွေကိုစတင် ဖန်တီးပါတယ်။ သူ့ရည်ရွယ်ချက်ကတော့ အင်မတန်ပြီးပြည့်စုံတဲ့ Scale model တစ်ခုထွက်လာဖို့ပါ။အကယ်၍ ဒီဇိုင်းနဲ့ Scale Model ကြားမှာ အကွာအဟရှိနေခဲ့ရင်လည်း နှစ်ဖက်ပြန်လည်ညှိနှိုင်းပြုပြင်ကြခြင်းက Mazda ရဲ့ ဒီဇိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တစ်ခုလည်းဖြစ်ပါတယ်။ အရည်အသွေးပိုင်းကိုတော့ ဘယ်တော့မှအထိအခိုက်မခံပါဘူး။