MAZDA ရဲ့ SKYACTIV နည်းပညာ
စနစ်တစ်ခုရဲ့အတွင်းက အစိတ်အပိုင်းတွေကို အကောင်းဆုံးအတူတကွအလုပ်လုပ်ဖို့ တီထွင်ဖန်တီးလိုက်တဲ့အခါ ထိုစနစ်ကအမြင့်ဆုံးစွမ်းဆောင်ရည်နဲ့အလုပ်လုပ်ပါတယ်။ ဒါကတော့ Mazda Skyactiv Technology ရဲ့ နောက်ကွယ်က ရိုးရှင်းတဲ့ idea တစ်ခုပါ။ ဒါပေမယ့် စွမ်းဆောင်ရည်ကောင်းခြင်းက တစ်ခုတည်းသော ကောင်းကျိုးတော့မဟုတ်ပါဘူး။ ပိုမိုကောင်းမွန်တဲ့ မောင်းနှင်ခြင်းအတွေ့အကြုံကိုလည်း ဒီနည်းပညာက ပံ့ပိုးပေးပါသေးတယ်။