MAZDA2
Sedan (Standard) | Starting from $22,999 - Sedan (High Grade) | Starting from $27,999
MAZDA3
Compact Sedan & Hatchback | Starting from $46,999
MAZDA6
Executive Sedan | Starting from $57,999
MAZDA CX-3
Crossover SUV | Starting from $ 46,999
MAZDA CX-5
Compact SUV | Starting from $57,999
MAZDA CX-9
Full-Size Crossover SUV | Starting from $84,999
Mazda BT-50
Extra Cab | Starting from $26,000
Mazda သည် ကားဝယ်ယူကြသူအားလုံးအတွက် မောင်းနှင်ခြင်းအတွေ့အကြုံကောင်းများနဲ့အတူ ထူးကဲသာလွန်တဲ့ ဘေးကင်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ စွမ်းဆောင်ရည်ကောင်းများကို အမြဲတမ်း ပေးစွမ်းနိုင်ဖို့ရည်ရွယ်ပါတယ်။ ဒီအတွေးအမြင်ကို အခြေခံကာ မော်တော်ယာဉ်ဆိုင်ရာ မတော်တဆမှုလုံးဝမရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်လာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွေကို Mazda ကဆက်လက်လုပ်ဆောင်လျှက်ရှိပါတယ်။
i-ACTIVSENSE ဆိုတာကတော့ ဘေးအန္တရာတွေမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ ဒီနည်းပညာဟာဆိုရင် သေးငယ်တဲ့လှိုင်းများထုတ်လွှတ်တဲ့ ရေဒါနဲ့ ကင်မရာတွေကိုအသုံးပြုပြီး ကားမောင်းနေစဉ်မှာ ပတ်ဝန်းကျင်ကို အမြဲသတိရှိနေစေအောင် ကားမောင်းသူကိုထောက်ကူပေးပါတယ်။ ဒီနည်းပညာက မတော်တဆ ကြုံလာနိုင်တဲ့ အန္တရာယ်တွေကို ရှောင်လွှဲနိုင်အောင်နဲ့ လုံးဝရှောင်လွှဲလို့မရတော့တဲ့အခြေအနေမျိုးတွေမှာတောင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် အမြဲသတိပေးနေတာကြောင့် ကားမောင်းရတာ မိမိကိုယ်ကိုယုံကြည်မှုပိုရှိစေပြီး ပျော်ရွှင်ကြည်နူးမှုပိုရစေပါတယ်။
Active Safety Technology ဟာဆိုရင် မောင်းနှင်သူအနေနဲ့ကြုံတွေ့ရနိုင်တဲ့ ဘေးအန္တရာယ်တွေကို ကြိုတင်ရှောင်ရှားနိုင်ဖို့ အသံ ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ သတိပေးခြင်းတွေနဲ့ မောင်းနှင်သူကို အထောက်အပံ့ပေးပါတယ်။
ဒီနည်းပညာတွေကတော့ ထိခိုက်မှုဖြစ်သွားတဲ့အချိန်မှာ ဒဏ်ရာအနာတရဖြစ်မှုနည်းပါးအောင် အထောက်အပံ့ပေးပါတယ်။ ဒီနည်းပညာမှာဆိုရင်တော့ ကြံခိုင်တောင့်တင်းတဲ့ Skyactiv Body ဖွဲ့စည်းမှု၊ အလေးချိန်ကန့်သတ်မှုပါဝတဲ့ ထိုင်ခုံခါးပတ်များ၊ Anti-intrustion Break Pedal၊ SRS လေအိတ်စနစ်များ စသည်တို့ပါဝင်ကြပါတယ်။
Pre-Collision Safety Technology ကတော့ ရှောင်လွှဲလို့မရတော့ဘဲ တိုက်မိချိန်မျိုးမှာ ပြင်းထန်စွာထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင် လျှော့ချပေးပါတယ်။
Mazda သည် မောင်းနှင်ခြင်းကို အဆင့်ဆင့်ပိုမိုကောင်းမွန်စေဖို့အမြဲမပြတ်ကြိုးပမ်းလျှက်ရှိပါတယ်။ ဒါကြောင့် ချောမွေ့ပြီး ပင်ပန်းနွမ်းနယ်မှုကင်းစွာ မောင်းနှင်နိုင်ဖို့Skyactiv-Vehicle Dynamics နဲ့ G-Vectoring Control ဆိုတဲ့နည်းပညာအသစ်ကို တီထွင်ခဲ့တာပါ။ ဒီတီထွင်မှုကနေ ကားမောင်းသူကို ယုံကြည်မှုနဲ့ရှင်သန်မှုတွေ ပိုကောင်းစေမယ့် မောင်းနှင်ခြင်းအတွေ့အကြုံကိုပေးစွမ်းပါလိမ့်မယ်။
မောင်းနှင်သူက ကားကိုစကွေ့လိုက်ပြီဆိုတာနဲ့Skyactiv-Vehicle Dynamics နဲ့ G-Vectoring Control စနစ်က အင်ဂျင်torque ကိုလျှော့ချပေးပြီး ကားပေါ်မှာသက်ရောက်နေတဲ့ အလေးချိန်ကို အရှေ့ဘီးတွေပေါ်ပို့ပေးတာကြောင့် ကွေ့ဝိုက်ရတာ ပိုပြီးကောင်းမွန်စေပါတယ်။
ဒီအဆင့်မှာတော့ ဒီနည်းပညာက မောင်းနှင်သူရဲ့ စတီယာရင် အယူအဆကို အာရုံခံပါတယ်။ ပြီးနောက် အင်ဂျင် torque ရဲ့ အကောင်းဆုံးအနေအထားကို တွက်ချက်ပြီး အင်ဂျင်ဆီ ဒီသတင်းအချက်အလက်ကိုပို့ပေးပါတယ်။
အကွေ့ဆုံးခါနီးမှာတော့ ဒီနည်းပညာက အင်ဂျင် torque ကို ပုံမှန်ပြန်လည်ရရှိစေပြီး၊ သက်ရောက်အလေးချိန်ကို နောက်ဘီးများပေါ်သို့ပြန်လည်မျှပြီး ပို့ပေးကာ စတီယာရင်ထိန်းကျောင်းမှု ချောမွေ့စေအောင် အထောက်အကူပေးပါတယ်။
Mazda သည် နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြုပြီး မောင်းနှင်သူအနေနဲ့လုံခြုံဘေးကင်းစွာ မောင်းနှင်နိုင်တဲ့ ကားများကိုသာ ထုတ်လုပ်ပါတယ်။
YANGON: No. 44, Pyay Road, 7 ½ Miles, Mayangone Township, Yangon
01 967 0286
MANDALAY: No. (40), 35th Street, Between 55th & 56th Street, Kan Kauk Ward, Chanayetharzan Township, Mandalay
09 9773 888 29, 09 456 1111 08