MAZDA6 FEATURES

It's an effortless brand of power that's sure to elevate your mood.

DESIGN

THE SOUND OF SCIENCE

Mazda6 သည် ပြင်ပလေသံနဲ့လမ်းမထက်ကဆူညံသံတွေကိုလျှော့ချပေးပြီး မောင်းနှင်သူသင့်ရဲ့ စိတ်နဲ့ခန္ဓာကို သက်သောင့်သက်သာရှိနေစေပါတယ်။ ဒါကြောင့် ကားမောင်းနေရင်း မိမိရဲ့ခရီးသွားဖော်နဲ့ငြိမ်းချမ်းစွာစကားလက်ဆုံကျနိုင်ပါတယ်။

INTERIOR INDULGENCE

တံခါးအတွင်းပိုင်းနဲ့ Dashboard ပေါ်မှာ ဖော်ထားတဲ့ Ultrasuede trim လိုင်းတွေဟာဆိုရင် ဆံကေသာရောင်ကဲ့သို့နူးညံ့သိမ်မွေ့ပြီး ဒီလိုင်းတွေကိုချုပ်လုပ်ခြင်းသည် ဂျပန်ရိုးရာ ကီမိုနိုအမျိုးသမီးဝတ်ရုံတွေကို ချုပ်လုပ်တဲ့နည်းအတိုင်းအသေးစိတ်ချုပ်လုပ်ထားတာပါ။

HUMAN CENTRICITY

ကျွန်တော်တို့သည် ကူရှင် Material အသစ်တွေကိုအသုံးပြုကာ ထိုင်ခုံတွေကို ဒီဇိုင်းအသစ်နဲ့ပြောင်းလဲထုတ်လုပ်ထားပါတယ်။ ရလဒ်အနေနဲ့ လှုပ်ရှားလို့ပိုကောင်းပြီး အလေးချိန်ကို မျှတစွာချိန်ညှိပေးပါတယ်။ ဒါကြောင့် ခရီးရည်မောင်းနှင်ခဲ့ရရင်တောင် ခဏတာခရီးသွားခဲ့သလိုပဲ ပေါ့ပါးလန်းဆန်းနေစေပါလိမ့်မယ်။

လေ့လာရန်

TECHNOLOGY

SEE IT ALL

နေရာကျဉ်းကျဉ်းလေးမှာ ဘယ်ညာယိမ်းဖို့ကြိုးစားရတာဟာ မောင်းနှင်သူတိုင်းအတွက် စိန်ခေါ်မှုတစ်ခုပါ။ ဒါကိုလွယ်ကူသွားစေဖို့ ကျွန်တော်တို့ခု 360 View Monitor ကို တပ်ဆင်ပေးထားပါတယ်။ ဒီစနစ်မှာဆိုရင် ကင်မရာ ၄လုံးကိုတပ်ဆင်ထားပြီး ကားရဲ့ အစွန်အဖျားတွေကို center display မှာအလွယ်အတကူကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် အရှေ့နဲ့အနောက်မှာရှိတဲ့ Parking Sensor တွေက တစ်ခုခုတိုက်မိစရာရှိလာရင် အချက်ပြပေးပါတယ်။ ဒါကတော့ မောင်းနှင်သူသင့်ကို ကားရဲ့ပတ်ဝန်းကျင်ကို အပြည့်အဝမြင်နိုင်အောင်ထောက်ကူပေးထားခြင်းပါ။

လေ့လာရန်

PERFORMANCE

FEELING IS BELIEVING

EXHILARATION IS JUST A STEP AWAY Mazda6 is available with our Dynamic Pressure Turbocharged Skyactiv-G 2.5T engine. FEELING IS BELIEVING Mazda's Skyactiv-Vehicle Dynamics with G-Vectoring Control, helps achieve a smoother, less fatiguing drive. When cornering, the system works seamlessly by adjusting power delivery. ENGINE WORKS SMARTER, NOT HARDER Mazda6 Skyactiv-G 2.5T engine incorporates Cylinder Deactivation, a system that shuts down two of the engine’s four cylinders in certain driving conditions.

လေ့လာရန်

SAFETY

TECHNOLOGY THAT INSPIRES CONFIDENCE

နည်းပညာအသစ်တွေကို တီထွင်ဖို့လှုံ့ဆော်မှုရခဲ့ခြင်းသည် ယုံကြည်မှုတွေတိုးပွားလာအောင်ဖန်တီးပေးဖို့ပါ လှုံ့ဆော်ပေးပါတယ်။ i-Activsense လိုနည်းပညာတွေမှာ နောက်ဆုံးပေါ် ကင်မရာနဲ့ရေဒါနည်းပညာတွေကို အသုံးပြုထားလို့အန္တရာယ်တွေကို ရှောင်ရှားနိုင်အောင် မောင်းသူရဲ့အာရုံ ၆ ပါးလုံးကို အလိုလျောက် သတိပေးချက်တွေ ပေးပါတယ်။ ဒါဟာတကယ်တော့ သင့်ကို မောင်းနှင်ခြင်းမှာ အာရုံစိုက်နိုင်စေအောင် ကူညီထောက်ပံ့ပေးခြင်းလည်းဖြစ်ပါတယ်။

လေ့လာရန်