MAZDA CX-3 FEATURES

ရာသီဥတုဆိုတာ ရုတ်ချည်းပြောင်းလဲတတ်တာကြောင့် Mazda ရဲ့ i-Activ AWD စနစ်က ရာသီဥတုတိုင်းမှာ အဆင်သင့်ဖြစ်နေ
အောင် အမြဲအသင့်အနေအထားရှိပါတယ်။

DESIGN

STYLED TO STAND APART

Mazda CX-3 ကို ဒီဇိုင်းအချိုးညီမျှစွာဖန်တီးထုတ်လုပ်ထားပါတယ်။ Mazda CX-3 ကိုခြုံငုံပြီးပြောရရင် တစ်ဖက်မှာ သွက်လက်တက်ကြွတဲ့အသွင်ကိုဆောင်သလို တစ်ဖက်မှာလည်း တည်ကြည်ခန့်ငြားမှုကိုတွေ့နိုင်ပါတယ်။ ဒါကတော့ KODO ဒီဇိုင်းရဲ့ လျှို့ဝှက်ချက်ဖြစ်ပြီး ရိုးရှင်းတဲ့ကောက်ကြောင်းတွေကပဲ စွမ်းအင်နဲ့ရွေ့လျားမှုတွေကို ဖော်ပြပေးပြန်ပါတယ်။

လေ့လာရန်

TECHNOLOGY

ACTIVE DRIVING DISPLAY

ACTIVE DRIVING DISPLAY က မောင်းသူအတွက် အရေးတကြီးလိုအပ်တဲ့အချက်အလက်တွေကို project စနစ်နဲ့မောင်းသူရှေ့မှာ ထိုးပြပေးထားလို့ စိတ်အနှောက်အယှက်ကင်းကင်းကားမောင်းနိုင်မှာပါ။ Guage Cluster ရဲ့အပေါ်မှာ မဟာဗျူဟာ ကျကျ ထားရှိပေးထားလို့ အရေးကြီး သတင်းအချက်အလက်တွေကို အချိန်တိုအတွင်းမှာ အလျှင်အမြန်ဖတ်နိုင်မှာဖြစ်လို လမ်းကိုလည်း အာရုံစူးစိုက်မှုမပျက်ယွင်းစေတော့ပါဘူး။

လေ့လာရန်

PERFORMANCE

SKYACTIV®-BODY

Mazda သည် ကားထုတ်လုပ်သူတွေထဲ Ultra-high tensile-Strength စတီးကို ပထမဦးဆုံးစတင်အသုံးပြုခဲ့သူဖြစ်ပြီး Mazda CX-3 ရဲ့ Skyactiv Body မှာလည်း အခြားကားများထက်ပိုမို ပေါ့ပါးသလို ပိုမိုတောင့်တင်းခိုင်မာမှုရှိစေဖို့ဒီ စတီးကို ဆက်လက်အသုံးပြုပေးထားပါတယ်။

လေ့လာရန်

SAFETY

IT KNOWS WHAT'S COMING BEFORE YOU DO

i-Activ AWD နည်းပညာသည် ပြင်ပအပူချိန်နှင့် ဘရိတ်အုပ်မှုဆိုင်ရာ အချက်အလက်တွေအပါအဝင် အရေးကြီးသတင်းအချက်အလက်တွေကို စဉ်ဆက်မပြတ်စောင့်ကြည့်နေတာကြောင့် All Wheel Drive အသုံးပြုဖို့လိုအပ်လာချိန်မှာ အလျှင်အမြန် အလိုအလျှောက်အသုံးပြုပေးပြီး torque distribution ပိုမိုကောင်းမွန်စေကာ ထိန်းချုပ်မောင်းနှင်မှုကို အကောင်းဆုံးအနေအထားစေပါတယ်။

လေ့လာရန်